နမ္မတူ မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉မျိုးဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉မျိုးဗီဇပြောင်းရောဂါပိုးများ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နမ္မတူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေစနစ်တကျတပ်ဆင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာအောင် စင်ကြယ်စွာဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ မိမိအိမ်တွင်း၌သာနေထိုင်ပါ၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းပေါက်များကိုဖွင့်ထားပါ၊ လူစုလူဝေးရှောင်ရှားပါ၊ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)