တီးတိန် မေ ၃၁
ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်ခရိုင် သဘာဝဘေး ပြန်လည်ထူထောင်ရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး အမှတ် (၂၆၉) ခြေလျင်တပ်ရင်းခန်းမ တွင် မေ ၃၀ ရက် မွန်းလွဲ ၂ နာရီက တီးတိန်မြို့ သဘာဝဘေးသင့်ပြည်သူများအား တတတိယအကြိမ် ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲပြုလုပ်သည်။
ဦးစွာ ဗိုလ်မှူးချုပ် ဝင်းကိုကိုက အမှာစကားပြောကြားပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လက်ဝယ်ပေးအပ်ပြီး သဘာဝဘေးသင့်ပြည်သူများ ကိုယ်စားပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ သဘာဝဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သဘာဝဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။ တီးတိန်မြို့၌ အိမ်ထောင်စု(၂၁)စု၊ လူဦး(၁၃၄)ဦး၊ စာသင်ကျောင်း(၃)ကျောင်း၊ သဘာဝဘေး ဒဏ်ကျရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)