ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

ငဖဲ မေ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်တို့အတွက် အမှတ်(၉၀၅)အမြှောက်တပ်ကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချူပ်မျိုးသန့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ပဒါန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်စိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်အေးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများ၊ ပဒါန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စုစုပေါင်း အင်အား (၂၀၀)ခန့် ပူးပေါင်းကာ အဖွဲ့ ၃ ဖွဲ့ခွဲ၍ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် တို့အတွက်  ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အားကစားကွင်း ရှင်းလင်းခြင်း၊ ကျောင်းအဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ၊  ကျောင်းစာသင်ခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းပတ်ဝန်းကျင်တို့အား အမှတ်(၉၀၅)အမြှောက် တပ်ကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ်တပ်နယ်မှူး ဗိုလ်မှူးချူပ်မျိုးသန့်မှ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)