ကမာရွတ် မေ ၃၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက်ပိုင်းက နယုန်လပြည့်နေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ကမာရွတ်မြို့နယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒေါ်ခင်ကျော့ဝင်းနှင့် ဒေါ်တင်သီတာထွန်းတို့က နယုန်လပြည့်နေ့အကြောင်းနှင့် နယုန်လပြည့်နေ့ ထူးခြားချက်များ၊ နယုန်လအတွင်း ကျင်းပခဲ့သည့်ပွဲတော်များစသည့် အကြောင်းအရာများကို အကျယ်တဝင့်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် အသိပညာပေးလုပ်ငန်းများကိုစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)