ချမ်းမြသာစည်မြို့ယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ချမ်းမြသာစည် မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ချမ်းမြသာစည်မြို့ အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗုတမ္ပခန်းမတွင် ယနေ့နံနက် ၈ နာရီ အချိန်၌  ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “အနာဂါတ်လူရည်မွန်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး ခရိုင် ဒု ပညာရေးမှုက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ‌ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က အမှာစကား‌ ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုက ကျောင်းအပ်နှံခြင်းနှင့် ပြောင်းလဲနေသော ပညာရေးစနစ်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအတွက် ကျောင်းဝတ်စုံများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဝတ်ရည်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ အဖွဲ့များက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ချမ်းမြသာစည်မြို့နယ် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “ပြည်မြန်မာ” သီချင်းဖြင့် အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ချမ်းမြသာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဝတ်ရည်လှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ‌ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ ( ပြန်/ဆက်)