သိန္နီမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် မွေးမြူရေးဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

သိန္နီ မေ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းအချိန်က ပန်လော့ကျေးရွာရှိ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်း၍ စစ်ဆေးခြင်းဖြစ်သည်။ သိန္နီမြို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီအနေဖြင့် ပထမအကြိမ်ထုတ်ချေးပေးခြင်းဖြစ်ပြီး ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အစုအဖွဲ့(၃)ဦးအတွက် တစ်ဦးလျှင်အကောင်ရေ (၂၀)၊ ငွေကျပ်သိန်း(၅၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း(၁၅၀) ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ အဆိုပါချေးငွေများအား သက်တမ်းကာလတစ်နှစ်ခွဲရှိပါက အတိုးနှုန်း ၀.၆ ပြားနှုန်းဖြင့် ပြန်လည်၍ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)