မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဖြန့်ဝေပေး

ရသေ့တောင်  မေ ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့် သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်နှင့် တေဇာရာမကျောင်းတိုက် ယာယီနေရပ်စွန့်ခွာစခန်းများရှိ စခန်းနေပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့ပြီး၊ ရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသော သောက်သုံး ရေများကို ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်နှင့် ပညာရမီကျောင်းတိုက် ယာယီနေရပ်စွန့်ခွာစခန်းများရှိ စခန်းနေပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်း နွေရာသီရေရှားပါးမှု ကြုံနေရပြီး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာ ဆားငံရေဝင်သွားခြင်းကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။

ယခုအခါ ရသေ့တောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးပြီး ရေသန့်စင်ကား(၂)စီးဖြင့် မြို့ပေါ်ရပ်ကွက်(၄)ကွက်ရှိ ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာ သူများ၊ ကျေးရွာများနှင့် လေဘေးဒဏ်သင့် ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှ သောက်ရေများ စတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ရေဂါလံပေါင်း (၆၅၇၇၅)ဂါလံကို အကျိုးပြု ပြည်သူ (၁၃၇၈၄၃) ဦးတို့အတွက် ဖြန့်ဝေနိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ရသေ့တောင် (ပြန်/ဆက်)