မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ဝတ်အသင်းများက ဓမ္မစကြာသုတ်၊ပဋ္ဌာန်းတရား ရွတ်ဖတ်ပူဇော်

မန္တလေး မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ရဟန်းရှင် လူအများလာရောက်ဖူးမြှော်ကြသည့်အသင်း နေ့စဉ်ဝတ်အသင်းများက နံနက်(၈)နာရီတစ်ကြိမ်၊ မွန်းလွဲ (၁)နာရီ တစ်ကြိမ်၊ ညနေ ၆နာရီခွဲတွင် တစ်ကြိမ် ဓမ္မစကြာသုတ်၊ ပဋ္ဌာန်းတရားတော်များဖြင့် ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

ဆရာတော်ကြီးဘုရားကြီးသည် သာသနာတော်အကျိုးကိုသယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါအရ ၁၃၈၅ခုနှစ်၊နယုန်လဆန်း(၇)ရက်(၂၅-၅-၂၀၂၃) ကြာသပတေးနေ့ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာ တော်ဘုရားကြီး၏ ဥရုဇရုပ်ကလာပ်တော်အား မေလ(၂၆)ရက်နေ့မှ ဇွ‌န်လ(၆)ရ‌က်‌‌နေ့‌ နေ့လယ်ပိုင်းအထိ ဗန်းမော်ကျောင်းတိုက် ယာယီစံ‌ကျောင်းတော်၌ လာရောက်ဖူးမြှော်နိုင်ပြီး ဇွန်လ(၆)ရက်နေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ် ဟောင်းသို့ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)