အမ်း မေ ၃၁
ရခိုင်ပြည်နယ် အမ်းခရိုင်၊အမ်းမြို့ နယ်တွင်၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများသန့်ရှင်းစွာ ဖွင့်လှစ်ပညာ သင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများသန့်ရှင်းစွာ ဖွင့်လှစ် ပညာသင်ကြားနိုင်ရေးအတွက် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန်တွင် ကျောင်းဝန်းကျင် သန့်ရှင်းသာယာပြီး ဆရာ/ ဆရာမများနှင့်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် တပ်တောင်မြို့တွင် မြို့အုပ်ချုပ်ရေးမှူးက ဦးဆောင်မှုဖြင့်လည်းကောင်း ရပ်ကွက်ကျေးရွာ အုပ်စုများတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများက ပူးပေါင်းမှုဖြင့် ကျောင်းပတ်ဝန်းကျင်ရှိ အမှိုက်များနှင့်စာသင်ခန်းများအတွင်းရှိ အမှိုက်များအားစုပေါင်းပြီး သန့်ရှင်းရေးများဆောင်ရွက်ခြင်း၊ အမှိုက်များကောက်ခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်