ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းလာရောက်အပ်နှံ သူဦးရေပေါင်း တစ်သောင်းရှစ်ထောင်ကျော်ရှိ

ပခုက္ကူ မေ ၃၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့အထိ လာရောက်ကျောင်းအပ်နှံသူ ဦးရေပေါင်း တစ်သောင်းရှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်၊ အခြေခံပည ာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ စတင်ပြီး ကျောင်း အပ်လက်ခံဆောင်ရွက်ကြရာ မေလ ၃၀ ရက်နေ့အထိ မူလတန်းကျောင်းသား၊ ကျောင်းသူ ၁၃၅၆၉ ဦး၊ အလယ်တန်းကျောင်းသား၊ကျောင်းသူ ၃၆၅၄ ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၅၇၁ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူပေါင်း ၁၈၇၉၄ ဦးရှိကြောင်း၊ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာနကအခမဲ့ထောက်ပံ့သော ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များထုတ်ပေးကြကြောင်း မြို့နယ်ပညာရေးမှူး ရုံးက သိရသည်။

အလားတူ ပခုက္ကူခရိုင်အတွင်းက ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်များရှိ ကျောင်းများ၌ ကျောင်းလာ ရောက်အပ်နှံသူပေါင်း ၄၄၅၁၇ဦး ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)