မရမ်းကုန်း ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် "ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်နေသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) အရေးပေါ်တုံ့ပြန်ရေး လှုပ်ရှားမှုများအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၅၀၀၀၀၀/-) ရှိလုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါလှူဒါန်းပစ္စည်းများဖြစ်သည့် မိုးကာအင်္ကျီ(အရွယ်စုံ) ၁၀ ထည်၊ ငါးဆန်ပြုတ် ၁၀၀ ထုပ်၊ PPE (CIC) ၂၀ စုံ၊ Safety Goggles ၂၀ လက်၊ Apron ၁၀၀ ထည်၊ ခေါင်းစွပ် ၁၀၀ ခု၊ Surgical Gown ၁၅ ထည်၊ Sodium Chloride BP infusion ၅ လုံး၊ Gloves ၂ ဘူး၊ Nasal Oxygen Cannula ၁၅ ခုတို့အား “ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးဇွဲရန်နိုင်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာရီရီတင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)