အမရပူရ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အမှတ် ၁ အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဧည့်ခံခဲ့သည်။ ထို့နောက် အမရပူရခရိုင် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ၁ ဒုတိယ ဗိုလ်မှူးကြီးဝင်းကိုက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်အမရပူရခရိုင် ပညာရေးမှူးဒေါ်ခင်စန်းဝင်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်းအဆင့် ၁၇၄၂၂ဦး၊ အလယ်တန်း ၄၅၃၃ဦး၊ အထက်တန်း ဆင့် ၁၂၁၇ဦး စုစုပေါင်း ၂၃၁၇၂ ဦးရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ယနေ့ထိအပ်နှံမှု မူလတန်းအဆင့် ၂၀၈၂၄ဦး၊ အလယ်တန်းအဆင့် ၃၉၁၁ ဦး၊ အထက် တန်းအဆင့် ၁၅၂၈ ဦး စုစုပေါင်း ၂၆၂၆၃ ဦးရှိပြီး အပ်နှံမှုတိုးတက်လာကြောင်းနှင့် ကျန်ရှိကျောင်းနေအရွယ်ကလေးများကိုလည်း ညွှန်ကြားချက်နှင့်အညီ ဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အခမဲ့ပညာအဖြစ်ထောက်ပံ့သော သက်ဆိုင်ရာပြဌာန်းပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများသို့ တာဝန်ရှိသူများက ပေးအပ်ထောက်ပံ့ပေးခဲ့ကြသည်။ အခြေခံပညာကျောင်းများအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက mask နှင့် face shield များကိုလည်ကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ကိုယ်ပူတိုင်းကရိယာကိုလည်းကောင်း ထောက်ပံပေးခဲ့ကြသည်။ ကျောင်းများတွင် ပြုပြင်ရန်ရှိသည့်ပစ္စည်းများအတွက် အလှူရှင်များက အလှူငွေများပေးအပ်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။ အခမ်းအနားကို ကျောင်းသား၊ကျောင်းသူလေး များက ပြည်မြန်မာသီချင်းသီဆိုပြီး အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။
စိုးသီဟ