ပြည်ကြီးတံခွန် ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က (ဈ) ရပ်ကွက်ရှိ အမှတ် (၂၇) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဦးစီးအရာရှိဦးဝင်းဇော် က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံးကို ကျောင်းသို့အရောက်ပို့ဆောင်နိုင်ရေးအတွက် မိဘများအနေဖြင့် အထူးအလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဦးစီးအရာရှိဦးဝင်းဇော်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ပညာရေးဝန်ကြီးဌာနမှအခမဲ့ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးဒေါ်နှင်းမူက လက်ခံရယူခဲ့ပြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အခြေခံပညာကျောင်း (၂၅) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂၅) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁၀) ကျောင်း၊ စုစုပေါင်း (၆၀) ကျောင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု၊ မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှု ဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိခဲ့ရာ ယနေ့အထိ ကျောင်းသား/ကျောင်းသူဦးရေ (၃၈၂၈၆) ဦး ကျောင်းအပ်နှံခဲ့ပြီး ကျောင်းအပ်နှံသူ ရာနှုန်းပြည့်အပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးပြောပြ၍ သိရသည်။
ခရိုင်ပြန်/ဆက်