ရွှေတောင် ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇွန်(၁)ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူ များ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်း အထက်တန်းကျောင်း(၉)ကျောင်း၊ အ.ထ.က(ခွဲ)(၈)ကျောင်း၊ အ.လ.က ကျောင်း (၇)ကျောင်း၊ အလက( ခွဲ) ( ၈)ကျောင်း၊ မူလွန်(၁၆)ကျောင်း၊ အမက ( ၁၃၀)ကျောင်း၊အမက( ခွဲ)(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်း စုစုပေါင်း (၁၈၀)ကျောင်းတို့တွင် မူလတန်း KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူ (၁၆၇၂၆)ဦး ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)