ကျောက်တံတား ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းများအား ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင် တက်ရောက်ကြကြောင်း သိရသည်။ ကျောက်တံတားမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်း၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ သူမိဘများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ သက်မှတ်ကာလအတွင်းကျောင်းသား၊ ကျောင်းသူ များကျောင်းအပ်နှံ နိုင်ရေးနှင့်နိုင်ငံတော်မှထောက်ပံ့သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသား/ သူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ကြကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်းနှင့် မူလတန်းကျောင်း(၅)ကျောင်း စုစုပေါင်းအခြခံပညာကျောင်းပေါင်း(၇)ကျောင်းအား ယနေ့ဇွန်(၁)ရက်မှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ ဆက်)