ပန်းတောင်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများယနေ့ဇွန်လ(၁)ရက်နေ့တွင်စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်း အ.ထ.က ကျောင်း(၁၁)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၂)ကျောင်း၊ အ.လ.က ကျောင်း(၁၉)ကျောင်း အ.လ.က (ခွဲ) ကျောင်း(၁၃)ကျောင်း၊ အ.မ.ကမူလွန်ကျောင်း (၃၀)ကျောင်း၊ အ.မ.ကကျောင်း (၇၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း(၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၁၆၆) ကျောင်းစတင်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြို့နယ်(ပြန်/ဆက်)