သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများ လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။

ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှဝင်း၊ အဖွဲ့ဝင်() ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်() ဦးကျော်တိုး၊ အဖွဲ့ဝင်() မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လကုန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးဂရုစိုက်ရန်၊ ဇွန်လ ၁ ရက်နေ့၊ အခြေခံပညာကျောင်းများ ဖွင့်မည်ဖြစ်၍ ကျောင်းအလိုက် လုံခြုံရေးအဖွဲ့များ တာဝန်ချထား ဆောင်ရွက်ရန်၊ (၃၁-၅-၂၀၂၃) ရက်နေ့ ကျောင်းအပ်နှံရန်ကျန်သည့် ကျောင်းသားများအား ဆက်လက် အပ်နှံရေး တစ်အိမ်တက်တစ်အိမ်ဆင်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအဖွဲ့ဖြင့် ခေါ်ယူအပ်နှံ ဆောင်ရွက်ပေးရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ခြုံနွယ်များ ရှင်းလင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်ရန်၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု (နွေစပါး၊ပဲတီစိမ်း) ရယူထားသည့် တောင်သူများ နွေစပါးကြိတ်ခွဲရေးသို့ (၃၁-၅-၂၀၂၃)ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်၍ ကျန်ရှိမှု ရှိ/မရှိ စိစစ်ဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် (စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမ ပီလောပီနံ၊ ကုန်ထုတ်လုပ်ငန်း ဆီစက်၊ MSMEs လုပ်ငန်း) ချေးငွေရယူမည့်သူများ မိမိတို့ကျေးရွာအုပ်စုတွင် ရှိပါက ကျေးရွာအုပ်စု ကော်မတီမှ စစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်ကော်မတီသို့ တင်ပြရေး ဆောင်ရွက်ရန်၊ စက်မှုသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း တက်ရောက်ရေး စည်းရုံးဆောင်ရွက်ရန်နှင့် အထွေထွေကိစ္စရပ်တို့ကို ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)