မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်း သား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုပေးအပ်ပွဲ အခမ်း အနားကျင်းပ

မြစ်သား ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က အဆိုပါရုံးစည်းအဝေးအခမ်းအနား၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းမိသားစုများမှ သား/သမီးများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားရာတွင် ထူးချွန်ထက်မြက်သည့် ပညာတတ် လူငယ်များဖြစ်ထွန်း ပေါ်ပေါက်လာစေရေးအတွက် မိဘများမှအကောင်းဆုံးကြိုးစား၍ ပြုစုပြိုးထောင်ပေးကြစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့် ဝန်ထမ်း များ၏ ပညာရည်မြင့်မားတိုးတက်စေရေးအတွက် စဥ်ဆက်မပြတ်ဆက်လက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ (Grade 11) ကျောင်းသားမောင်ထူးခန့်ဝင်းနှင့် (Grade 10) ကျောင်းသား မောင်အောင်ခိုင်စိုးတို့ကို လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှ (Grade 8) ကျောင်းသူ မပိုးအိ‌ရွှေရည်နှင့် (Grade 5) ကျောင်းသား မောင်ကောင်းဆက်ဟိဏ်း တို့ကို လည်ကောင်း၊ ဒုတိယ ဦးစီးမှူးဦးဝေယံစိုးမှ  (Grade 3) ကျောင်းသား မောင်သူရိန်မိုး၊ (Grade 3) ကျောင်းသား မောင်မင်းခန့်ကျော်၊   (Grade 3) ကျောင်းသား မောင်စျာန်ရဲနိုင်တို့အားလည်းကောင်း စသည့်ကျောင်းသား/ကျောင်းသူ  စုစုပေါင်း (၅၂) ဦးတို့အား ကျောင်းဝတ်စုံ၊ ကွန်ဗာဘူး၊ ဘောလ်ပင်၊ ခဲတံ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် ကျောင်းလွယ်အိတ်များစသည့် ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်