မိုးညို ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးကြည်လင်၊ အ.ထ.က(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဆရာ/ဆရာမများ၊ ကျေးရွာအလိုက် အခြေခံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မိုးညိုမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၆၆)ကျောင်းတို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထက်/လယ်/မူ ကျောင်းအပ်နှံ ပြီးစီးသူ ယမန်နေ့ထိ (၂၀၆၀၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)