ပဲခူးမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက်

ပဲခူး  ဇွန် 

ပဲခူးမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ သတ်မှတ်ထားပြီး  ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)