လက်ပံတန်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှုး ဒေါ်ဥမ္မာဦးနှင့်ဆရာ/ဆရာမများ၊ ကျေးရွာအလိုက် အခြေခံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လက်ပံတန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၀၇) ကျောင်းတို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထက်/လယ်/မူ ကျောင်းအပ်နှံပြီးစီးသူ ယမန်နေ့ထိ (၂၉၂၈၇)ဦး ရှိပြီး ကျောင်းအပ်နှံမှု ၉၅ ဒဿမ ၂၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူရုံးမှ သိရသည်။
မျိုးမင်းထွန်း