ကိုဗစ်-၁၉ မျိုးကွဲအိုမီခရွန်မှ ဆင့်ကဲပြောင်းလဲလာသည့် ကူးစက်ရောဂါပိုးနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်

ကျောက်ပန်းတောင်း  ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်မှ ဆင့်ကဲပြောင်းလဲလာသည့် ကူးစက်ရောဂါပိုးနှင့်ပတ်သက်သည့် လတ်တလောအခြေအနေများနှင့် ပြည်သူများ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို၊ ယမန်နေ့နံနက်(၁၀) နာရီက စံပြရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့တွင် ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၃၈၈၁၈ ဦး ရှိ၍ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၆၁၇၇၇၄ ဦးရှိ ကြောင်း ပိုးတွေ့သေဆုံးလူနာ  စုစုပေါင်းမှာ ၁၉၄၉၄ ဦးရှိပြီဖြစ်ကြောင်းနှင့် ကိုဗစ်ဆိုင်ရာသတင်းအချက်အလက်များကို မပြတ်လေ့လာကြည့်ရှုကြရန်၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း မပျက်မကွက် လိုက်နာဆောင်ရွက် သွားကြရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)