နွားထိုးကြီး ဇွန် ၃၁
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏ သား၊သမီးများအား ပညာ သင်စရိတ်ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ပြီး မူလတန်းအဆင့်တွင် ဗလာစာအုပ် ၁ ဒါဇင်နှင့် ခဲတံ၁ ဒါဇင်၊ အလယ်တန်းနှင့် အထက်တန်းတို့တွင် ဗလာစာအုပ် ၁ဒါဇင်နှင့် ဘောပင် ၃ ချောင်း၊ တက္ကသိုလ်အဆင့်တွင် ထောက်ပံ့ငွေ (၁၅၀၀၀) ကျပ်နှုန်းဖြင့် မူလအလယ်တန်း၊ အထက်တန်းတက္ကသိုလ်အဆင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၂)အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်