ကံမ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ယနေ့ နံနက် ၈ နာရီက ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ခဲ့ကြသည်။
ကံမမြို့နယ်အတွင်း မူလတန်းကျောင်း (၉၅) ကျောင်း၊ မူလတန်းကျောင်းခွဲ (၂) ကျောင်း၊ မူလတန်းလွန်ကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၈)ကျောင်း၊ အထက်တန်းကျောင်း (၆)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ(၃)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၁၂၈)ကျောင်း ရှိပြီး မူလတန်းဆင့်အတန်းများ၌ ကျောင်းသား၊ ကျောင်းသူ (၆၇၄၉)ဦး၊ အလယ်တန်းဆင့်အတန်းများ၌ ကျောင်းသား၊ ကျောင်းသူ (၂၄၆၈)ဦး၊ အထက်တန်းဆင့် အတန်းများ၌ ကျောင်းသား၊ ကျောင်းသူ (၁၁၄၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၀၃၅၈)ဦး ရာခိုင်နှုန်းပြည့် ကျောင်းအပ်နှံ၍ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)