သဲကုန်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ကျောင်းတက်နေပြီးဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်း (ခွဲ)ကျောင်း (၅)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်း(ခွဲ) ကျောင်း(၃)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁၀) ကျောင်း၊ မူလတန်းကျောင်း၏ (၁၆၀)ကျောင်း၊ မူလတန်းခွဲ(၃)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း (၁၉၄) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညာ သင်ကျောင်း(၁) ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)