၂၀၂၃- ၂၀၂၄ ခုနှစ် ပညာသင်နှစ် သံဖြူဇရပ်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်းများကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ကာ ကျောင်းသား/သူများအား ဆရာ/ဆရာမများမှ ကျောင်းနေပျော်၍ စာတော်သောကလေးများ ဖြစ်လာစေရန် အေးချမ်းစွာ သင်ကြားပြသလျက် ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ကျောင်းစတင်ဖွင့်သည့်နေ့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းများစတင်တက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  ကျောင်းစတင်ဖွင့်လှစ်သည့်နေ့ဖြစ်သည့် ဇွန်လ ၁ ရက်နေ့ (ယနေ့)တွင် လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာဖြင့် ကျောင်းတက်နေကြပြီဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်စိုပြေရေးအတွက် သစ်ပင်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝ ဘေးအန္တရာယ်များ လျော့ပါးပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် သစ်ပင်ပျိုးပင်များကို စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍မြို့မပျိုးဥယျာဉ်၊ ဇာတ်စုရပ်ကွက်ပျိုးဥယျာဉ်နှင့် ခိုလုံကျေးရွာ ပျိုးဥယျာဉ်တို့တွင် ဒေသရာသီဥတုနှင့် ကိုက်ညီသောအပင်များဖြစ်သည့် ကျွန်း၊ မယ်ဇလီ၊ ရေသင်းဝင်၊ ယမနေ၊ ခရေ၊ ကုက္ကို၊ သစ်လှ၊ စိန်ပန်းနီ စသည့်အပင်ပေါင်း(၃၅၅၀၀)ကို ပျိုးထောင် ထားရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပန်းပျိုးရတနာမြေ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို လူငယ်ရေးရာ အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ အမှတ်(၂)ကျေးရွာရှိ ပန်းပျိုးရတနာမြေ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

မိုးမိတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ  စတင်ဖွင့်လှစ်

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့မှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က တောင်ကုတ်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်း ၅၉ ကျောင်း စတင်ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
Subscribe to