မဟာအောင်မြေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

မဟာအောင်မြေ ဇွန်  ၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့ယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်း အနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး ဆွေလွင်အောင်က ပညာရဲ့ သဘောကိုသိနားလည်ပြီး ပညာရဲ့တန်ဖိုးကိုသိနားလည်‌စေရန် ဘယ်အရာမဆို နုရာမှရင့်ရာသို့ ရောက်လာတတ်‌ကြောင်း စသည့်အ‌ကြောင်းအရာများဖြင့် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦလှမြင့်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ နောင်တစ်ချိန် တာဝန်ကိုယ်စီ ထမ်းဆောင်မည့် အနာဂတ်မျိုးဆက်သစ်လူငယ်များအားလူမှုပတ်ဝန်ကျင်းတွင် နေထိုင်တတ်စေရန်၊ အမှားအမှန်ဝေဖန်န်ုစေရန်နှင့် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူလတန်းကျောင်းများတွင် ကျောင်းသား/သူ(၁၄၈၉၄)ဦး၊အလယ်တန်းကျောင်းတွင် (၃၅၀၈)ဦး၊အထက်တန်း ကျောင်းများတွင်ကျောင်းသား/သူ(၁၁၈၃) စုစုပေါင်း (၁၉၅၈၅)ဦး လာရောက်အပ်နှံ လျက်ရှိ ကြောင်း၊ ဆရာ၊ဆရာမများကိုလည်း အတန်းအသီးသီးအလိုက်သင်တန်းများ သင်ကြားပို့ချခဲ့ပြီး ဖြစ်၍ မိမိတို့ ကျောင်းသား/သူများအား "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီပညာရေးကို အထူးဂရုပြုသင်ကြားစေလိုကြောင်း စသည့်အကြောင်းအရာများအား ‌ရှင်းလင်းပြောကြားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသား/သူများအား ကျောင်းသုံးပုံနှိပ်စာအုပ်၊ဖလာစာအုပ်၊ခဲတံ၊ဘောပင်များအား ပေးအပ်ခဲ့ ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး ဆွေလွင်အောင်နှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဦးလှမြင့်နှင့် (ထက်၊လယ်၊မူ)ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း