နမ့်ဆန် ဇွန် ၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (စီမံချက်) ရုံးတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) ပဋိပက္ခနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ထိခိုက်သူများအား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေရေးစီမံချက်မှ စီမံချက်ဝင်ကျေးရွာရှိ မိဘများအဖွဲ့အား အရင်းမပျောက်မတည်ရန် ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေပေးအပ်ပွဲတွင် နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးကျားတီနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားပြီး စီမံချက်မန်နေဂျာ ဒေါ်သက်စိုးအေးက အရင်းမပျောက်မတည်ရန်ပုံငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ရန်ပုံငွေကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(ကျန်းမာရေးဌာန)စီမံချက်မန်နေဂျာနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံချက်ဝင် ကျေးရွာ (၁၃)ရွာမှ မိဘများအဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စုစုပေါင်း (၅၃)ဦးတက်ရောက်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)