ကျိုင်းတုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ကျိုင်းတုံ ဇွန် ၁

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အထက်တန်း၊  အလယ်တန်း၊ မူလတန်းကျောင်းများကို  ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ကြသည်ကို တွေ့ရသည်။

ထိုသို့ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုနှင့် တာဝန်ရှိသူများ၊ တာဝန်ကျ ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ကျိုင်းတုံမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် မေလ ၂၃ ရက်မှ ၃၁ ရက်ထိ  ကျောင်းအပ်နှံမှုများ လက်ခံဆောင်ရွက်ခဲ့ရာ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ  ၂၂၄၉၈ ဦးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မေလ ၂၃ ရက်မှ ၃၁ ရက်အထိ  ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ  ၇၉၃၅၃ ဦးရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)