အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်း (၂၀၀)၌ တက်ရောက်သူကျောင်းသား/သူ စုစုပေါင်း (၃၄၇၀၂)ဦးရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တွင် ရပ်ကွက် ကျေးရွာအုပ်စု (၁၀၂)အုပ်စု ရှိ အခြေခံပညာကျောင်း (၂၀၀)၌ ယနေ့တွင် တက်ရောက်သူ ကျောင်းသား/သူ (၃၄၇၀၂)ဦး ရှိကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းအားလုံး စတင်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၀၄)ကျောင်းတို့၌ ယနေ့နံနက်တွင် ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသူ/ ကျောင်းသားများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပူတာအိုမြို့၌ ၂၀၂၃-ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပူတာအိုမြို့၌ ၂၀၂၃-ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ ပူတာအို ဇွန် ၁ ပူတာအိုခရိုင်(ပြန်/ဆက်)

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရပ်ကွက် (၁၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၉) အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ/ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လေဘေးသင့်ပြည်သူများအား ခွဲဝေထောက်ပံ့ သော စားရေးရိက္ခာများ၊ အိမ်ဆောက်ပစ္စည်းများ ထုတ်ယူဖြန့်ဝေမှုအခြေအ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက “မိုခါ” လေဘေးသင့် ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များထောက်ပံ့သည့် စားရေးရိက္ခာပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများ ခွဲဝေထောက်ပံ့ပေးမှုနှင့် ဖြန့်ဝေမှု များအား ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နေ့လည် (၁) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုအား တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုအားပေး

ကျောင်းအပ်နှံရေးသီတင်းပတ်အား မေ(၂၃)ရက်မှစတင်၍ မေ(၃၀)ရက်နေ့အထိ သတ်မှတ် ထားရှိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ အနေဖြင့် ပိတ်ရက်မသတ်မှတ်ပဲ နေ့စဉ်ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့ပေါ်မှ ကျောင်းများ၏ ကျောင်းစတင်ဖွင့်လှစ်မှု အခြေအနေ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ကျောင်းဖွင့်ကာလရောက်ရှိတော့မည်ဖြစ်သဖြင့် လားရှိုးမြို့တွင် ကျောင်းဝတ်စုံများ ပြတ်လပ်သည်အထိ ရောင်းအားကောင်း

မကြာမီအချိန်ကာလအတွင်း ကျောင်းဖွင့်ကာလရောက်တော့မည်ဖြစ်သဖြင့် လားရှိုးမြို့တွင် ကျောင်း ဝတ်စုံများ ပြတ်လပ်သည်အထိ ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။

သီပေါမြို့နယ်၌ မွေးကင်းစအရွယ်မှစ၍ အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ကလေးငယ်များရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍  အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက်(၉)နာရီက စတင်ထိုးနှံတိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများစိုက်ပျိုးစရိတ် အရင်းအနှီးရရှိစေရေးအတွက် နှစ်စဥ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာရှိ တောင်သူများအား  ချေးငွေးများ ထုတ်ချေးပေးသည်။

ကဝမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့ ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
Subscribe to