ဓနုဖြူမြို့နယ်တွင် စာသင်ကျောင်း(၉)ကျောင်းရှိ ကျောင်းဆောင်သစ်များအား ဖွင့်ပွဲကျင်းပ

ဓနုဖြူ    ဇွန်    

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ တည်ဆောက်ပြီးစီးခဲ့သည့် စာသင်ကျောင်း(၉) ကျောင်းရှိ ကျောင်းဆောင်သစ်များ ဖွင့်ပွဲကို   မေလ ၃၁ရက်နေ့ နံနက်ပိုင်းက တပြိုင်နက်တည်းကျင်းပခဲ့သည်။

ဓနုဖြူမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၌ တည်ဆောက်ပြီးစီးခဲ့သည့် ရေတွင်းကုန်း ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ အ.မ.က ရေတွင်းကုန်း(၆၀×၃၀)ပေ RCC(၁)ထပ်ဆောင်၊ ပုကွန်ကျေးရွာအုပ်စု၊ အညာစုကျေးရွာရှိ အ.မ.က ဘုရားကုန်းအညာစ ု(၈၀×၃၀)ပေRCC(၁)ထပ်ဆောင်၊ ကုန်းတန်းတောင်အုပ်စု၊ ဒါးခုတ်ချောင်းကျေးရွာရှိ အ.မ.က ဒါးခုတ်ချောင်း(၈၀×၃၀)ပေ SS(၁)ထပ်ဆောင်၊ တောကြီးကျေးရွာအုပ်စု၊ နတ်ကြီးချောင်းကျေးရွာရှိ အ.မ.က နတ်ကြီးချောင်း (၈၀×၃၀)ပေ SS(၁)ထပ်ဆောင်၊ ဗျင်းဘွဲကျေးရွာအုပ်စု၊ ဗျင်းဘွဲကျေးရွာရှိ အ.လ.က ဗျင်းဘွဲ (၈၀×၃၀)ပေ SS(၁)ထပ်ဆောင်၊ ဗျင်းညာအနောက်အုပ်စု၊လေဝေါကျေးရွာရှိ အ.မ.က အညာစုလေဝေါ(၆၀×၃၀) SS(၁)ထပ်ဆောင်၊ လမန်းကျေးရွာအုပ်စု၊ အညာစုကျေးရွာရှိ အ.မ.က မိုးသပြု အညာစု(၆၀×၃၀) SS(၁) ထပ်ဆောင်၊ ကန်ဇွန်းကွင်းကျေးရွာအုပ်စု၊ ဇီးပင်အင်းကျေးရွာရှိ အ.မ.က ဇီးပင်အင်း (၆၀×၃၀)ပေ SS(၁)ထပ်ဆောင်နှင့် ဗျင်းညားအလယ်အုပ်စု၊ ရွာကလေးကျေးရွာရှိ အ.လ.ကခွဲ ရွာကလေး(၁) (၆၀×၃၀)SS(၁)ထပ်ဆောင်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ကျောင်းများအလိုက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဆောက် လုပ်သည့် ကုမ္ပဏီများမှ ကျောင်းဆောင်အားလွှဲပြောင်းအပ်နှံခြင်း၊ ကျောင်းဆောင်သစ် များအား ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတို့အား ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)