စမ်းချောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ‌ ကျောင်းတက်‌ရောက် ပညာသင်ကြား

စမ်းချောင်း ဇွန်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ(၁)ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေခံပညာကျောင်းများ ဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး ဒေါ်စန္ဒာဦး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူမိဘများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်မှ မေလ(၃၁)ရက်နေ့အထိ သက်မှတ်ကာကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊  ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

စမ်းချောင်းမြို့နယ်တွင် အခြေခံပညာမူလတန်း ကျောင်း(၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း()ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ()ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း()ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း()ကျောင်း စုစုပေါင်း (၂)ကျောင်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အေးလင်း