မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအခြေနေများကို လိုက်လံကြည့်ရှု

မိုင်းရှူး ဇွန် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အ‌ခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက် (၈) နာရီအချိန်တွင် လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းသို့ လိုက်လံကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအား ဖွင့်လှစ်နေမှုအခြေနေ၊ဆရာ၊ဆရာမများ၊ ကျောင်းသား၊‌ကျောင်းသူများ ကျောင်းတက် ရောက်နိုင်မှု အခြေနေနှင့်ကျောင်းဆောင်များ ကောင်းမွန်မှုရှိ/မရှိ  လိုက်လံကြည့်ရှူပြီး ကျောင်းများတွင် လိုအပ်သည်များကို မှာကြားခဲ့ကာ အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် Maskနှင့် Handgelများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)