အမာ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီ၊ ဖျာပုံခရိုင်၊ အမာမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းက အမာမြို့အတွင်းရှိ ကျောင်းများအားလုံး စတင်ဖွင့်လှစ် ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်၊ အမာမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ စတင်ပြီး ကျောင်း အပ်လက်ခံ ဆောင်ရွက်ကြရာ မေလ ၃၀ ရက်နေ့အထိ မူလတန်းကျောင်းသား၊ ကျောင်းသူ ၃၉၇ ဦး၊ အလယ်တန်းကျောင်းသား၊ကျောင်းသူ ၃၄၈ ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၂၄၀ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူပေါင်း ၉၈၅ ဦးရှိကြောင်း ၊ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းလာရောက်အပ်နှံလာသည့်လကျောင်းသား၊ ကျောင်းသူများကိုပညာရေး ဝန်ကြီး ဌာနကအခမဲ့ ထောက်ပံ့သော ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များထုတ်ပေးကြကြောင်း အမာမြို့ အထက ကျောင်းအုပ်ဆရာမကြီးထံမှသိရသည်။
ကျော်ကျော်အောင် (အမာ ပြန်/ဆက်)