ဖြူးမြို့နယ်ရှိ အခြေခံပညာကျောင်း(၂၁၃)ကျောင်း စတင်ဖွင့်လှစ်​ပြီး ကျောင်းသား၊ ကျောင်းသူ(၄၃၅၅၆)ဦး စတင်ပညာသင်ကြား 

ဖြူး ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ဖြူးမြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဇွန်လ(၁)ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်း(၂၁၃)ကျောင်းစတင်ဖွင့်လှစ်​ပြီး ကျောင်းသား၊ ကျောင်းသူ ဦးရေ (၄၃၅၅၆)ဦး စတင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း  ၂၀၂၂-၂၀၂၃-ပညာသစ်နှစ်တွင် ​စုစုပေါင်း ကျောင်းသား၊ကျောင်းသူဦးရေ(၅၀၇၄၅)ဦး ကျောင်းအပ်ပညာသင်ကြားခဲ့ကြောင်းသိရသည်။ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းပေါင်း(၂၁၃)ကျောင်းတွင် မေလ(၂၃)ရက်နေ့မှမေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံ၍ ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ မူလတန်း/အလယ်တန်း/အထက်တန်းအဆင့် အခြခံပညာကျောင်းများတွင် (၄၂၇၃၀)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင်(၄၀၈)ဦး၊ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများတွင်(၄၁၈)ဦးစုစုပေါင်း(၄၃၅၅၆)ဦးစတင်တက်ရောက်ပညာသင်ကြားနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)