သပိတ်ကျင်း ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဋ္ဌာနမှ ဝန်ထမ်းမိသားစု သား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ( ၁၀) နာရီက ဆိပ်ကမ်းရပ်ကွက် ရွှေဝါဝင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သပိတ်ကျင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အမှာစကား ပြောကြားရာတွင် မိဘများအနေဖြင့် ထူးချွန်ထက်မြက်သည့် ပညာတတ် လူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အကောင်းဆုံး ကြိုးစား၍ ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့် ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည် မြင့်မားတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်ဇနီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းတို့မှ ဝန်ထမ်း မိသားစု သား/သမီးများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၅)ဦးအတွက် တစ်ဦးလျှင် ပညာ သင်ထောက်ပံ့ကြေး (၁၅၀၀၀/-) ကျပ်နှင့် ဗလာစာအုပ်(၁)ဒါဇင်၊ ကွန်ပါဘူး(၁)ဘူး တို့ကို လည်းကောင်း၊ အလယ်တန်းတွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူ (၃)ဦးအတွက် တစ်ဦးလျှင် ပညာသင်ထောက်ပံ့ကြေး (၁၅၀၀၀/-) ကျပ်နှင့် ဗလာစာအုပ်(၁)ဒါဇင်၊ ကွန်ပါဘူး(၁)ဘူး ကိုလည်းကောင်း၊ မူလတန်း အဆင့် ကျောင်းသားကျောင်းသူ (၁၈)ဦးအတွက် တစ်ဦးလျှင် ပညာသင်ထောက်ပံကြေး (၁၀၀၀၀/-)ကျပ်နှင့် ဗလာစာအုပ်(၁)ဒါဇင်၊ ကွန်ပါဘူး(၁)ဘူး စုစုပေါင်းအထက်တန်း၊ အလယ်တန်း မူလတန်းနှင့်အဆင့် ကျောင်းသား/ကျောင်းသူ(၂၆)ဦးအတွက် ထောက်ပံ့ငွေကျပ်(၈၁၄၀၀၀/-) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)