စစ်ကိုင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

စစ်ကိုင်း ဇွန် ၂

စစ်ကိုင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဇွန်(၁)ရက်နေ့တွင် စတင် ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက် စာသင်ကြားလျက်ရှိ ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်လပ်ခံရေး သီတင်းပတ်အဖြစ် မေ(၂၃)ရက်မှ (၃၁)ရက်နေ့ အထိ သက်မှတ်၍ မြန်မာပြည်အဝှမ်း တစ်ပြိုင်တည်း ကျောင်းအပ်လက်ခံ ပေးခဲ့ကြပြီး ယနေ့ ဇွန် (၁)ရက် နေ့မှစ၍ ကျောင်းများ စတင်ဖွင့်လှစ်ကာ သက်ဆိုင်ရာ ဘာသာရပ် ဆရာ/ဆရာမများက စာသင်ကြားပေးလျက်ရှိသည်။

ကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကျောင်းသား/ ကျောင်းသူများ လုံခြုံရေး၊ ယာဉ်အန္တရာယ် ကင်းရှင်ရေး၊ သွားလာမှုလွယ်ကူစေရန် စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုနှင့် အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တာဝန်သိပြည်သူများ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာ ကျောင်းတက် စာသင်ကြားနိုင်စေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်