သာပေါင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများ၌ ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့်တက်ရောက် ပညာသင်ယူကြလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင် ယူနေမှုများ၊ စာသင်ကျောင်း၊စာသင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦး ကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊မြို့နယ်ဦးစီး အရာရှိဦးမြင့်မြတ်ဇော်၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၈)၊အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ)(၂၃)၊ အလယ်တန်းကျောင်း(၂၄)၊ အလယ်တန်း ကျောင်း(ခွဲ)(၁၆)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(၁၉)၊ အခြေခံပညာ မူလတန်းကျောင်း (၁၃၈)၊အခြေခံပညာ မူလတန်းကျောင်း(ခွဲ)(၁၃)၊ ဘုန်းတော်ကြီးသင်ပညာကျောင်း(၁)၊ ကိုယ်ပိုင် ကျောင်း(၁) ကျောင်းပေါင်း (၂၄၃)တို့တွင် ကျောင်းသား၊ ကျောင်းသူ(၂၈၆၀၇)ဦးတို့ အေးချမ်းပျော်ရွှင်စွာ တတ်ရောက် ပညာသင်ယူလျက်ရှိကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်