ချမ်းမြသာစည် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအားမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနု၊ အ.ထ.က (၃၁)မှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူအောင်နှင့် ဆရာ/ဆရာမများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ချမ်းမြသာစည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၃၄)ကျောင်း၊ ဘ.က ကျောင်း (၆) ကျောင်းတို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထက်/လယ်/မူ ကျောင်းအပ်နှံပြီးစီးသူ ယမန်နေ့ထိလူဉီးရေ (၄၀၀၀၀)ခန့်ရှိပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာ (ချမ်း/စည်)