သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကို စားသောက်ကုန်များ ထောက်ပံ့ပေး

သာပေါင်း ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ၏ စီမံမှုဖြင့် မိုခါမုန်တိုင်းတိုက်ခတ်သည့်ကာလများတွင် ပါဝင်ကူညီခဲ့သော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စားသောက်ကုန်များထောက်ပံ့ပေးခြင်းကို မေလကုန်ရက်က မြို့နယ်ကြက်ခြေနီရုံး၌ ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်က ထောက်ပံ့ပေးရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မိုခါမုန်တိုင်း တိုက်ခတ်သည့်ကာလများတွင် ပါဝင်ကူညီခဲ့သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၉)ဦးတို့ကို လာရောက်နိုင်သူများ၊ မလာ‌ရောက်နိုင်သူများထံကိုလည်း စစ်ပင်ကြီးကျေးရွာရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ပေးပို့ပေးရန်စီစဥ်ပြီး တစ်ဦးချင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း၊ ပြန်/ဆက်)