မှော်ဘီ(ရန်ကုန်) ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁) ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်တွင် တာဝန်ရှိသူများ စုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ရှင်းရေးဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက မှော်ဘီအခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁) ကျောင်းဝန်းအတွင်းရှိ သစ်ပင်ချုံနွယ်အမှိုက်သရိုက်များ၊ စွန့်ပစ်အမှိုက်များ၊ အမှိုက်ပုံးအတွင်းရှိ စွန့်ပစ်အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးဖြိုးအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဉီးဝင်းစိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှဝန်ထမ်းများ၊ တပ်မတော်အရာရှိ စစ်သည်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများ စုစုပေါင်းအင်အား (၁၃၄)ကျော်ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)