မော်လိုက် ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၏ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက ဆွေနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ချပြရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာပေချစ်မြတ်နိုးသူများက တစ်ဦးချင်းစီ အပြန်အလှန်မိတ်ဆက်ခဲ့ကြပြီး စာဖတ်ဝိုင်းပြုလုပ်မည့် စာအုပ်များကိုရွေးချယ်၍ ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စာပေချစ်မြတ်နိုးသူ(၁၈)ဦး တက်ရောက်ခဲ့ကြကာ လစဉ်တတိယအပတ်၏ စနေနေ့တိုင်း စာဖတ်ဝိုင်းပြုလုပ်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)