ဒဂုံမြို့နယ် အမှတ်(၂ )အခြေခံပညာအထက်တန်းကျောင်း(မြို့မ​ကျောင်း)၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဒဂုံ ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ဒဂုံမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင်သန့် ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး အတွက် ယနေ့နံနက် ၇ နာရီက ဒဂုံမြို့နယ်၊ ပြည်အ​ရှေ့ရပ်ကွက်၊မြို့မ​ကျောင်းလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း   (မြို့မ​ကျောင်း)၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှဦး​ဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ကျန်းမာ​ရေးဦးစီးဌာန၊ စည်ပင်သာယာရေးရုံးမှ ​ရေစီး​ရေလာ၊ သန့်ရှင်း​ရေး၊ လမ်းတံတားဝန်ထမ်းများ ၊ ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှုးများ စသည့် အင်အား(၅၀)ဦးဖြင့် ကျောင်းဝန်း အတွင်းရှိ အမြင်မတင့်တယ်သော သစ်ရွက်ခြောက်အမှိုက်များ၊ မြက်ပင်/ချုံနွယ်များ ရှင်းလင်းခြင်း၊​ ရေ​မြောင်းများဆယ်ယူခြင်း၊ တွယ်ကပ်သစ်ပင်များ ရှင်းလင်းခြင်း၊  ရေစည်၊ရေအိုးများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ခြင်​ဆေးမှုတ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

ထိုသို့​ဆောင်ရွက်ရာသို့ ဌာနမှူး၊ ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနနှင့်ခရိုင် စည်ပင်သာယာအုပ်ချုပ်​ရေးမှူးတို့ လာ​ရောက်ကြီးကြပ်စစ်​ဆေးခဲ့ကြသည်။ ဒဂုံမြို့နယ်တွင် အပတ်စဥ်စနေနေ့တိုင်း  မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကြက်​ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများမှ စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိ ရသည်။

ကြည်​ဇေ​သော်