ရွှေဘို အ.လ.က(၁)၌ ဌာနဆိုင်ရာဝန်ထမ်းများ ပူး​ပေါင်းကာ သန့်ရှင်းသာယာလှပ​ရေးဆောင်ရွက်

ရွှေဘို ဇွန် ၄

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် အ​ခြေခံပညာ​ကျောင်းများ စတင်ဖွင့်လှစ်​တော့မည်ဖြစ်ရာ​ ကျောင်းသား/သူ​လေးများ စိတ်ချမ်းမြေ့စွာ ပညာသင်ယူနိုင်​စေရန် ရည်ရွယ်ပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ အပတ်စဥ်စ​နေ​နေ့တိုင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ​ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့နံနက် ၇ နာရီက ​​​အ.လ.က(၁)​ကျောင်းဝန်းအတွင်းရှိ မြက်ပင်နှင့် ချုံနွယ်ပိတ်ပေါင်းများအားရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်းစသည့်တို့ကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများလူမှုကူညီ​ရေးအသင်းများ စု​ပေါင်းကာ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ လူထုအကျိုးပြု စုပေါင်းဆောင်ရွက်ခြင်းကို အပတ်စဥ် စနေ့နေ့တိုင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အေးမြင့်စန်း