မိုင်းဖြတ်မြို့နယ်၌    ကျေးရွာချင်းဆက်ကြိုးတံတား ပြန်လည်တည်ဆောက်နိုင်ရေး မြေပြင်အခြေအနေများ စစ်ဆေးတိုင်းတာ

မိုင်းဖြတ် ဇွန် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဆိုင်းလေ-နားအယ်ကျေးရွာချင်းဆက် ကြိုးတံတားပြန်လည်တည်ဆောက်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည့် မြေပြင်အခြေအနေများကို ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးအေးချမ်းမျိုး၊ မစ္စတာတိုနီ စတီလ်းကြိုးတံတားအဖွဲ့မှ အင်ဂျင်နီယာ ဦးကျော်စိုးမိုး၊ တာချီလိတ်ခရိုင် ကျေးလက်လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်နှင့် ဆိုင်းလေကျေးရွာမှ ရပ်မိရပ်ဖများက ကြိုးတံတား ပြန်လည်တည်ဆောင်နိုင်ရေးအတွက် မြေပြင်အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ တိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆိုင်လေးကျေးရွာ ရွာလူကြီး၏နေအိမ်၌ တံတားတည်ဆောက်ရေးအတွက် တွေ့ဆုံညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်ကြိုးတံတားသည့် ဆိုင်းလေကျေးရွာအနီး ဆိုင်းလေ-နားအယ် ကျေးရွာသို့ ဆက်သွယ်သွားလာနိုင်ရေးအတွက် နမ့်လုံချောင်းပေါ်တွင် တံတားအရှည် ၂၄၀ပေကြိုးတံတား  တည်ဆောက် ထားခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၈ရက်နေ့မှ ၁၃ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်း၍ နမ့်လုံချောင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ အဆိုပါကြိုးတံတား ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)