တောင်တွင်းကြီးမြို့ သာယာလှပစေရေး အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးရန် ဗိုလ်ချုပ်ပန်းခြံ၌ ပျိုးပင်များ ပြုစုပျိုးထောင် ထားရှိ
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဗိုလ်ချုပ်ပန်းခြံအတွင်း အရိပ်ရအပင်များနှင့် ပန်းအလှပင်များ ပြုစုပျိုးထောင်ထားရှိကြောင်း သိရသည်။