ခိုလမ် ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် အ.မ.က(ခလရ၆၆)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ဝေဝေအောင်က စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)