လောင်းလုံးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပ

လောင်းလုံး ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်မှ ဦးဆောင်၍သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသောမိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က (အ-ထ-က၊လောင်းလုံး)ကျောင်းဝင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးစံသိန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း အင်အား ( ၂၅၀)ဦးခန့်တက်ရောက်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်လွင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ သစ်ပင်များကို စိုက်ပျိုးခြင်းနှင့် ရေလောင်းခြင်းများဆောင်ရွက်ပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဥ်းကတိုးပင်(၁၀၀)ပင်၊ ခရေပင် (၅၀)ပင်၊ မဟော်ဂနီပင် (၁၀၀)ပင်၊ မန်ဂျန်ရှားပင်( ၂၀၀)ပင်၊ ဂန့်ဂေါ်ပင်( ၅၀)ပင် စုစုပေါင်းသစ်ပင်အရေအတွက်( ၅၀၀) ပင်ကို စိုက်ပျိုးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်ရခြင်း၊ လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်များ ရရှိရှိခြင်းနှင့် ရာသီဥတုအတွက် အကာအကွယ်ရရှိခြင်းတို့ ရည်ရွယ်ပါသည်။

သိန်းသိန်း(လောင်းလုံး)