တာလေ ဇွန် ၅
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်၊ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်အသိပညာပေး(Talk Show)ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူဦးရေတိုးပွားလာခြင်း၊ နည်းပညာများဖွံ့ဖြိုးတိုးတက်လာခြင်း၊ မြို့ပြများတိုးချဲ့လာခြင်း၊ လူနေမှုအဆင့် အတန်း မြင့်မား လာခြင်းနှင့်အတူ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများစွာကို ရင်ဆိုင်ကြုံတွေ့ နေကြရာတွင် ပလတ်စတစ်ညစ် ညမ်းမှုပြဿနာသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပလတ်စတစ်ဆိုသည်မှာ၊ ပလတ်စတစ်ဆိုင်ရာပြဿနာများ၊ ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှု အခြေအနေ၊ ပလတ်စတစ်ညစ်ညမ်းမှု အခြေအနေ၊ ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာအားဖြေရှင်း ဆောင်ရွက်နေမှုများစသည့် အကြောင်းအရာများကို အငယ်တန်းစာရေးဒေါ်မေထက်ကြိုင်နှင့်အတူ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်အသိပညာပေး (Talk Show) ဗီဒီယိုဖိုင်ကို အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာလေမြို့မှ ဖွင့်လှစ်ထားသည့် Lovely Tarlay Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)