မုံးကိုး ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် အရှေ့တိုင်းစစ်ဌာနချုပ်အဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ စုပေါင်း၍ အထက.မုံးကိုးကျောင်းလမ်း၌ ကျောင်းသား/ သူများ ကျောင်းသွား/လာ အဆင်ပြေစေရေးအတွက် ကတ္တရာလမ်းဖောက်လုပ်ရန် ယနေ့ နံနက် (၇း၃၀)အချိန်က ကျောက်ကြမ်းများခင်းကျင်းနေကြောင်း သိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အဖွဲ့မှ တပ်မမှူးဦးကျော်ထွန်းအောင်ကဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူးဦးလျံရှင်းမုံကကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းကိုသိရပါသည်။ အဆိုပါလမ်းဆိုးဝါးမှုကြောင့် ကျောင်းပို့/ကြိုမိဘပြည်သူများ၊ ကျောင်းသား/သူများနှင့် ဆရာ/မများ အခက်အခဲများစွာ ဖြစ်သောကြောင့် မုံးကိုးမြို့၊ ကျောင်းအုပ်ဆရာမကြီး၏အကူအညီတောင်းခံမှုဖြင့် မြို့အုပ်ချုပ်ရေးအဖွဲ့မှ လမ်းဖောက်လုပ်ပြုပြင်ရန်အတွက် တရုတ်ငွေ ၃၆၀၀ယွမ်ကို မတည်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ ငွေအင်အား၊ လူအင်အားဖြင့် စတင်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း သိခဲ့ရပါသည်။ အဆိုပါလမ်းသည် အလျား၄၀၀ပေ၊ အနံ၁၄ပေရှိသည့် ကတ္တရာလမ်း အမျိူးအစား ဖောက်လုပ်မည်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ဒေသခံပြည်သူများ လာရောက်ကူညီဖောက် လုပ်လျက်ရှိကြောင်း သိရပါ သည်။
မေစံပယ်ဖူး(မုံးကိုး)